Website ဆိုသည်မှာ Internet ကွန်ရက်အတွင်းတည်ရှိပြီး အကြောင်းအရာ Content များ၊ Web Page များ၊ Video File များ၊ Image File များနှင့် အခြား Digital File များစွာကို Domain သို့မဟုတ် Subdomain ကိုအသုံးပြု၍ လွှင့်တင်ထားသော နေရာတစ်ခုဖြစ်ပါသည်။ မိမိနှင့် သက်ဆိုင်သော Content အကြောင်းအရာများအား Website ပေါ်တင်ပြရာတွင် အလွယ်တကူဖော်ပြနိုင်ရန် Content Management System (CMS) စနစ်ကို အသုံးပြုပါသည်။