
၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပါသည့် MFF U13 Girls Tournament 2019 (State & Region) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ကိုယ်စားပြုအသင်းသည် ဒုတိယ ဆုနှင့် ကျောနံပါတ် (၅)မှ ပြိုင်ပွဲစဉ်တစ်လျှောက်လုံး အကောင်းဆုံး အားကစားသမားဆု ပါ ရရှိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု U-13 အမျိုးသမီးအသင်းသည် ပွဲစဉ်တစ်လျှောက် ရှုံးပွဲ မရှိ ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲစဉ်တွင် မိမိအသင်းထက် သာလွန်သော အသင်းအား အားကစားစိတ်ဓာတ် အပြည့်အ၀ဖြင့် သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် သူတင် ကိုယ်တင် ယှဉ်ပြိုင်ကစားပြီး (၁) ဂိုး၊ ဂိုးမရှိဖြင့် အရေးနိမ့်ကာ ဒုတိယ ဆုအား ရရှိခဲ့ခြင်း ဖြစ်ပါသည်။
ဆုချီးမြှင့်ပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများက တက်ရောက်ကြပြီး ဆုရအသင်းများနှင့် ဆုရရရှိသူများအား ဆုများချီးမြှင့်ကြသည်။
Post by ICT Department