ဘတ်ဂျက်၊ ငွေစာရင်းထိန်းသိမ်းနည်းနှင့် ကွန်ပျူတာသင်တန်း

1

၂၀၁၉ ခုနှစ် သြဂုတ်လ ၂၄ ရက်

ဘတ်ဂျက်၊ ငွေစာရင်းထိန်းသိမ်းနည်းနှင့် ကွန်ပျူတာသင်တန်းအား ဇူလိုင်(၂၇) ရက်နေ့မှ သြဂုတ်လ (၁၈)ရက်နေ့အထိ စနေ၊ တနင်္ဂနွေ ရက်များတွင် နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ကွန်ပျူတာသင်တန်းခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ငွေစာရင်းကျွမ်းကျင်ဝန်ထမ်းများမှ ဘတ်ဂျက်နှင့် ငွေစာရင်းထိန်းသိမ်းနည်း၊ ဦးစီးအရာရှိ(ကွန်ပျူတာ)မှ Microsoft Word & Excel အား ဘတ်ဂျက်၊ ငွေစာရင်း ပုံစံများနှင့် ချိတ်ဆက် သုံးဆွဲ ရာတွင် အဆင်ပြေ  ချော့မွေ့စေရန် သင်ကြားပေးကြောင်း သိရှိရပါသည်။

၎င်းသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်၊ မြို့နယ်(၄၃)မြို့နယ်တို့ရှိ စာရေးအဆင့်(၃)နှင့် ငွေစာရင်းတာဝန်ယူဆောင်ရွက်သူ (၅၂)ဦး တက်ရောက်ခဲ့ကြပါသည်။

Post by ICT Department

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်