စာရင်းအင်းဆိုင်ရာထိန်းသိမ်းနည်းနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

၂၀၁၉ ခုနှစ် သြဂုတ်လ ၂၄ ရက်

စာရင်းအင်းဆိုင်ရာ ထိန်းသိမ်းနည်းနှင့် လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို
ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ကွန်ပျူတာသင်တန်းခန်းမ၌ (၂၃-၈-၂၀၁၉)ရက်နေ့မှ (၂၄-၈-၂၀၁၉)ရက်နေ့ထိ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာမကြီး ဒေါ်ခင်မာဆွေ၊ ညွှန်ကြားရေးမှူး(စီမံ+ဘဏ္ဍာ) ဦးအောင်ကျော်ဦးတို့မှ တက်ရောက်ဆွေးပြောကြားခဲ့ပါသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ ခရိုင်ပညာရေးမှူးရုံးများမှ လက်ထောက်ညွှန်ကြားရေးမှူး (စီမံကိန်း/စာရင်းအင်း/ကွန်ပျူတာ)များ၊ ဒုတိယဦးစီးမှူး(စာရင်းအင်း)များ၊ မြို့နယ်ပညာရေးမှူးရုံးများမှ ဒုတိယဦးစီးမှူး(စာရင်းအင်း)များနှင့် လချုပ်၊ နှစ်ချုပ်၊ တစ်ကျောင်းအချက်အလက် တာဝန်ယူဆောင်ရွက်သူများ တက်ရောက်ခဲ့ကြပါသည်။

Post by ICT Department


ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်