ရန်ကုန်တိုင်းဒေသကြီးပညာရေးမိသားစု၏ ၂၀၁၉ ခုနှစ်၊ ဝါဆိုသင်္ကန်းကပ်အလှူ

၂၀၁၉ ခုနှစ် သြဂုတ်လ ၁၀ ရက်

ရန်ကုန်တိုင်းဒေသကြီးပညာရေးမိသားစု၏ (၁၉)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ပညာရေးဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ကပ်လှူပူဇော်ပွဲသို့ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်မာဆွေနှင့် အရာထမ်း အမှုထမ်းများ၊ ခရိုင်နှင့် မြို့နယ်များမှ အရာထမ်းများ၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းသံဃနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ တိုင်းပညာရေးမှူးနှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနားယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက်
ရေစက်သွန်းလောင်း အမျှပေးဝေကြပါသည်။

ထို့နောက် တိုင်းပညာရေးမှူးနှင့် ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

Post by ICT Department

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်