အထက(ကျောင်းကုန်းဆိပ်ကြီး)သန်လျင် ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ရေအိမ်နှင့်စင်္ကြန်လျှောက်လမ်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား

၂၀၁၉ ခုနှစ် သြဂုတ်လ ၂၆ ရက်

ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြို့နယ် ကျောင်းကုန်းဆိပ်ကြီး အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့် သန့်စင် မေတ္တာအဖွဲ့မှလှူဒါန်းသည့် ရေအိမ်နှင့်စင်္ကြန်လျှောက်လမ်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာအဲန်နာ ရွှေလွှမ်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေနှင့် အခြေခံပညာအထက်တန်းကျောင်း (ကျောင်းကုန်းဆိပ်ကြီး) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆန်းမော်တို့က ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း ဆိုင်းဘုတ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။

ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာအဲန်နာရွှေလွှမ်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် သန့်စင်မေတ္တာ အဖွဲ့မှ ဥက္ကဋ္ဌတို့က ရေအိမ်နှင့်စင်္ကြန်လျှောက်လမ်းများလွှဲပြောင်းပေးအပ်ခြင်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပါသည်။

ယင်းနောက် ကျောင်းခန်းမအတွင်း၌ အခမ်းအနားကျင်းပပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် သန့်စင်မေတ္တာအဖွဲ့မှ ဥက္ကဋ္ဌက လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းကုန်းဆိပ်ကြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ထို့နောက် ကျောင်းအုပ်ဆရာမ ကြီး ဒေါ်ခင်ဆန်းမော်က ကျောင်းအဆင့်တိုးမြှင့်ခြင်း အထိမ်းအမှတ်အလံအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအား ပေးအပ်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက သန့်စင်မေတ္တာအဖွဲ့ ဥက္ကဋ္ဌအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ကာ သန့်စင်မေတ္တာအဖွဲ့မှ ဒေါက်တာအဲန်နာရွှေလွှမ်းက အလှူရှင်များအား ကျေးဇူးတင်လွှာပေးအပ် ခဲ့ပါသည်။

Post by ICT Department

Ref : Educational Information Department Facebook page



ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်