C4M Web Application Pilot Program အသုံးပြုနည်းသင်တန်းဖွင့်လှစ်

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂ ရက်

Communication For Efficient Management C4M Web Application နှင့် Mobile Application အသုံးပြုနည်းသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ကွန်ပျူတာသင်တန်းခန်းမ၌ (၂-၉-၂၀၁၉)ရက်နေ့တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာမကြီး ဒေါ်ခင်မာဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး C4M မှ တာဝန်ရှိသူများက သင်တန်းပို့ချပေးခဲ့ပါသည်။

အဆိုပါသင်တန်းသို့ မြို့နယ်ပညာရေးမှူးရုံးများမှ C4Mတာဝန်ယူဆောင်ရွက်သူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ (၂-၉-၂၀၁၉)ရက်နေ့တွင် မြောက်ပိုင်းခရိုင်နှင့် အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များကိုလည်းကောင်း (၃-၉-၂၀၁၉)ရက်နေ့တွင် တောင်ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များကိုလည်းကောင်း သင်တန်းဆက်လက် ပို့ချပေးသွားမည် ဖြစ်ပါသည်။

Post by ICT Department

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်