တိုင်းဒေသကြီးအဆင့် Advanced Computer Training (2019) အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ


၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၆ ရက်

တိုင်းဒေသကြီးအဆင့် Advanced Computer Training (2019) အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ကွန်ပျူတာခန်းမ၌ ကျင်းပ ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ)၊ ညွှန်ကြားရေးမှူး(စီမံ+ဘဏ္ဍာ)နှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲအား ဦးဆောင်ဆွေးနွေးမည့်သူများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်များမှ အလုပ်ရုံဆွေးနွေးပွဲ၌ ပါဝင် ဆွေးနွေးမည့်သူများ တက်ရောက်ကြပါသည်။

ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတွင် ဗဟိုအဆင့် Advanced Computer Training (2019) တက်ရောက်ခဲ့သူများက ဦးဆောင် ရှင်းလင်း ဆွေးနွေးပါသည်။

အဆိုပါ တိုင်းဒေသကြီးအဆင့် Advanced Computer Training (2019) အလုပ်ရုံ ဆွေးနွေးပွဲကို (၇)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်း၊ ခရိုင်နှင့် မြို့နယ်များမှ ဆွေးနွေးပွဲတက်ရောက်သူ (၉၃)ဦး တက်ရောက်ကြကြောင်းနှင့် Microsoft Power Point, Scratch Programming, Video Editing နှင့် Adobe Photoshop တို့ကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရသည်။

Post by ICT Department

1 thought on “တိုင်းဒေသကြီးအဆင့် Advanced Computer Training (2019) အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ”


သိမ့်သော်သော်လှိုင် ကိုပြန်စာထားခဲ့ပါ။ ပြန်စာ ပယ်ဖျက်ပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်