





၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်
ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် အခြေခံပညာမြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီတွင် အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(စီမံ+ဘဏ္ဍာ) ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများ၊ အနောက်ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှူး၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ အလုံမြို့နယ်မှတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(စီမံ+ဘဏ္ဍာ) ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့ပါသည်။ ယင်းနောက်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ပါသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲကို (၁၈-၉-၂၀၁၉)ရက်နေ့မှ (၂၁-၉-၂၀၁၉)ရက်နေ့အထိ အထက(၄)အလုံ ဘတ်စကတ်ဘောရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း(၄၀)မှ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။ ဆုများကို(၂၁-၉-၂၀၁၉)ရက်နေ့တွင် ချီးမြှင့်သွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုများကို ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။
ဘောလီဘောပြိုင်ပွဲကို (၁၈-၉-၂၀၁၉)ရက်နေ့မှ (၂၂-၉-၂၀၁၉)ရက်နေ့အထိ အထက(၁)လသာ အားကစားရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း(၁၆)သင်းမှ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။ ဆုများကို(၂၂-၉-၂၀၁၉)ရက်နေ့တွင် ချီးမြှင့်သွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နေရာအလိုက်အကောင်းဆုံးဆုများကို ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။
Post by ICT Department