
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Daegu မြို့၊ Korea Education and Research Information Service (KERIS)တို့ ပူးပေါင်းဖွင့်လှစ်သော 2019 ICT – Capacity Building Program for Innovative Teachers သင်တန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်(၉)နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက အဖွင့်အမှာစကား ပြောကြားပြီး၊ KERIS မှ Jeongeun PARK နှင့် Soojin BYUN တို့မှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများမှ PGDMA ဘွဲ့ရ အလယ်တန်းပြ ဆရာ၊ဆရာမ (၄၀)ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်း ကာလမှာ အောက်တိုဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖြစ်ကြောင်း သိရပါသည်။
Post by ICT Department