၁။ အခြား တိုင်းဒေသကြီး/ပြည်နယ်များမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့သော် လည်းကောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခုမှ အခြားမြို့နယ် တစ်ခုသို့သော်လည်းကောင်း ရာထူးတိုးမြှင့် ခန့်ထားရသူများအနေဖြင့် လူကိုယ်တိုင် သွားရောက်၍ အလုပ်ဝင်/အလုပ်စွန့် ဆောင်ရွက်ရန် မလိုအပ်သေးပါ။
၂။ မိမိ၏ အလုပ်ဝင်/အလုပ်စွန့်ခြင်းကို တာဝန်ကျရာ ကျောင်း/ရုံး တည်ရှိရာ သက်ဆိုင်ရာရုံး (မြို့နယ်ပညာရေးမှူးရုံး သို့မဟုတ် ခရိုင်ပညာရေးမှူးရုံး သို့မဟုတ် တိုင်းဒေသကြီးပညာရေးမှူးရုံး)အကြီးအကဲသို့ တယ်လီဖုန်းဖြင့် ဦးစွာသတင်းပို့ရန်။ အလုပ်စွန့်ရက်ကို သိပါက Email သို့မဟုတ် Viber ဖြင့် မိမိဝင်ရောက်မည့် မြို့နယ်သို့ သတင်းပေးပို့ရန်။ (အကယ်၍ LPC ရရှိပါကလည်း Email သို့မဟုတ် Viber ဖြင့် ပေးပို့ပေးရန်။)
၃။ ရာထူးတိုး အမိန့်စာများအား သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများသို့ email ပေးပို့သွားမည် ဖြစ်ပါသည်။ ၄။ အခြားသော ဆောင်ရွက်ရန် ကိစ္စရပ်များ ရှိပါကလည်း သီးခြား ထပ်မံ ထုတ်ပြန်ပေးပါမည်။