ကျောင်းအုပ်ကြီးများ၊ မိဘများနှင့် ကျောင်းသား၊ကျောင်းသူများသို့ မေတ္တာရပ်ခံချက်

၁။ ယခုအချိန်သည် COVID-19 ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ၊ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများနှင့် တုန့်ပြန် ဆောင်ရွက်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက် ရှိပါသဖြင့် လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက် အခြေခံပညာ ကျောင်းများရှိ အတန်းအသီးသီး၏ အောင်စာရင်းများ၊ Grade-5 နှင့် Grade-9 စာမေးပွဲ ‌အောင်စာရင်းများ ထုတ်ပြန်ခြင်းကို ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ အောင်စာရင်းများထုတ်ပြန်ခြင်းကို ခေတ္တရပ်ဆိုင်းထားပါကြောင်းနှင့် အောင်စာရင်း ထုတ်ပြန်မည့် အစီအစဉ်၊ ထုတ်ပြန်မည့် ပုံစံများအား ထပ်မံကြေညာ ပေးသွားမည် ဖြစ်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်