၁။ Grade 10 နည်းပြအဖြစ်လျာထားသည့် ဆရာ၊ ဆရာမများသည် မြို့နယ်အဆင့် Face to Face Training ပြန်လည်မပို့ချမီ သင်ရိုးရေးဆွဲခဲ့သည့် တာဝန်ရှိသူများကိုယ်တိုင် တိုက်ရိုက် ပို့ချပေးမည့် Grade 10 Online Virtual Classroom Training ကို သက်ဆိုင်ရာမြို့နယ်အလိုက် သတ်မှတ်ထားသည့် နေရာအသီးသီးတွင် (၂၄-၆-၂၀၂၀)ရက်နေ့မှ (၂၇-၆-၂၀၂၀)ရက်နေ့အထိ ဖော်ပြပါ နေ့ရက်အလိုက် သတ်မှတ်အချိန်ဇယား သတ်မှတ်ချက်များအတိုင်း တက်ရောက်ရမည် ဖြစ်ပါသည်။
၂။ အဆိုပါသင်တန်းသို့ တက်ရောက်မည့် ဆရာ၊ ဆရာမများသည် Online Virtual Classroom Training မတက်ရောက်မီ Myanmar Digital Education Platform (MDEP) ၏ Website link http://mdep.moe.edu.mm/dbebox/ ၏ “ကိုယ်တိုင်လေ့လာသင်ယူခြင်း” ကဏ္ဍတွင် သင်တန်း တက်ရောက်မည့် ဘာသာရပ်အလိုက် ကြိုတင်လေ့လာထားရမည်ဖြစ်ပြီး သင်တန်းသို့ ပြဋ္ဌန်းစာအုပ်နှင့် ဆရာကိုင်စာအုပ်များ ယူဆောင်လာရမည် ဖြစ်ပါသည်။
၃။ နေ့ရက်အလိုက် သင်တန်းအချိန်ဇယား သတ်မှတ်ချက်အလိုက် တက်ရောက်မည့် သင်တန်းသား ဉီးရေအားလုံးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော COVID-19 ထိန်းချုပ်ကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်နာ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်ပါသည်။


