သင်ကြားသင်ယူမှုအထောက်အကူပြု Learning App များပေးအပ်လှူဒါန်းပွဲအခမ်းအနား


360 Ed မှ(Augmented Reality-AR) Learning App များပေးအပ်လှူဒါန်းပွဲ
Photo Credit> Educational Information Department


၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၅ ရက်

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသို့ 360 Ed မှ(Augmented Reality-AR)ခေါ် သုံးဖက်မြင် ရုပ်လုံးကြွနည်းပညာကိုသုံး၍ သင်ကြားသင်ယူမှုအထောက်အကူပြု Learning App များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်၌ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးက အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် 360 Ed ၏ CEO က လှူဒါန်းရခြင်း၏ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး 360 Ed ၏ Co-Founderက Grade-1 အင်္ဂလိပ်စာ ဘာသာရပ်အတွက် 360 Ed ၏ သင်ထောက်ကူ Application ကို မိတ်ဆက်တင်ပြခဲ့သည်။

ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

360 Ed မှ ရေးဆွဲသည့် Grade-1 အင်္ဂလိပ်စာ ဘာသာရပ် သင်ရိုးအထောက်အကူပြု Application သည် သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို အသံထွက်မှန်ကန်စွာဖြင့် သင်ယူလေ့လာနိုင်ခြင်း၊ ကျောင်းသား ကျောင်းသူများအတွက် ပိုမိုကောင်းမွန် သော လေ့လာမှုနှင့် ကျောင်းတွင် သာမက အိမ်တွင်ပါ သင်ယူလေ့လာနိုင်ခြင်း၊ မိဘများအနေဖြင့် သားသမီးများ စာလေ့လာသည့် နေရာတွင် စောင့်ကြည့်လမ်းညွှန်နိုင်ခြင်း၊ ဆရာ ဆရာမများအနေဖြင့် သင်ခန်းစာပို့ချရာ၌ ကိုးကား၍ သော်လည်းကောင်း၊ သင်ထောက်ကူအနေဖြင့်လည်းကောင်း အသုံးပြုနိုင်ကြောင်း သိရှိရသည်။

Post by ICT Department
Ref: Educational Information Department Facebook page


ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်