
၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်
ကျောင်းအရည်အသွေး အာမခံမှုစံသတ်မှတ်ချက် အညွှန်းဘောင် (SQASF) (မူကြမ်း)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ယနေ့ နံနက် (၉)နာရီတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စွမ်းအားခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ကျောင်းအရည်အသွေး အာမခံမှုစံသတ်မှတ်ချက် အညွှန်းဘောင် (SQASF) (မူကြမ်း)နှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးစံပယ်က ကျောင်းအရည်အသွေး အာမခံမှုစံသတ်မှတ်ချက် အညွှန်းဘောင် (SQASF) (မူကြမ်း)ဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ တိုင်း၊ ခရိုင်နှင့်မြို့နယ်များမှ ဦးဆောင်ဆွေးနွေးမည့်သူ (၉)ဦး၊ ပါဝင်ဆွေးနွေးမည့် လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်စုမှူး (၄၃)ဦးတို့ တက်ရောက်ကြကြောင်း သိရှိရပါသည်။ (SQASF) အလုပ်ရုံဆွေးနွေးပွဲကာလမှာ စက်တင်ဘာလ (၄)ရက်မှ ( ၆ )ရက်နေ့အထိ ဖြစ်ပြီး ဆွေးနွေးပွဲ အချိန်မှာ နေ့စဉ် နံနက်(၉)နာရီမှ ညနေ (၅)နာရီအထိ ဖြစ်ကြောင်း သိရှိရပါသည်။
Post by ICT Department
Source: Planning Department