၁။ အခြေခံပညာအလယ်တန်းဆင့် Grade-7(သင်ရိုးသစ်)နည်းပြသင်တန်းများနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည် –
(က) သင်တန်းနည်းပြများသည် (mdep.moe.edu.mm)တွင် မှတ်ပုံတင်ပြီး
(၁၅-၆-၂၀၂၀ မှ ၁၇-၆-၂၀၂၀ထိ) သက်ဆိုင်ရာဘာသာရပ်များကို
ကိုယ်တိုင်သင်ယူလေ့လာရပါမည်။ Online Training နှင့်ပတ်သက်၍
အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ပါက Myanmar Digital Education
Platform (MDEP) Facebook Page ၏ Messenger သို့ လည်းကောင်း၊ hot line
phone no. 09-790777126 သို့ လည်းကောင်းဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
(ခ) Virtual Classroom Training ကို (၁၈-၆-၂၀၂၀မှ ၁၉-၆-၂၀၂၀ထိ)
ပြုလုပ်မည်ဖြစ်ပြီး ဖော်ပြထားသည့် အချိန်ဇယားအတိုင်း သက်ဆိုင်ရာ
မြို့နယ်ပညာရေးမှူး အစီအစဉ်ဖြင့် စီစဉ်ဆောင်ရွက်ရပါမည်။
(ဂ) Virtual
Classroom Training တက်ရောက်သည့်အခါ နည်းပြများအနေဖြင့် သင်တန်း အတွက်
အထောက်အကူဖြစ်စေရန် မိမိတို့လေ့လာသည့် ဘာသာရပ်အလိုက် Teacher’s Guide နှင့်
Text Book များကို ယူဆောင်လာပြီး လေ့လာရပါမည်။
(ဃ) နည်းပြများအဖြစ်
ဆောင်ရွက်မည့်သူများသည် ကိုယ်တိုင်လေ့လာသင်ယူခြင်း၊ ပူးပေါင်း
ဆွေးနွေးခြင်းတို့ဖြင့် နည်းပြအရည်အသွေးမြင့်မားစေရန် ဆောင်ရွက်ရပါမည်။
၂။ အခြေခံပညာအလယ်တန်းဆင့် Grade-7 (သင်ရိုးသစ်) မြို့နယ်အဆင့်သင်တန်းနှင့်ပတ်သက်၍ အောက်ပါအတိုင်းဆောင်ရွက်ရပါမည်-
(က) မြို့နယ်အဆင့် face to face Training ကို ( ၂၂-၆-၂၀၂၀ မှ ၂၈-၆-၂၀၂၀ထိ )
သက်ဆိုင်ရာ မြို့နယ်များတွင် ကျင်းပရမည်ဖြစ်ပြီး COVID-19
ထိန်းချုပ်ကာကွယ်ရေးလမ်းညွှန်ချက် များ အတိုင်းဆောင်ရွက်နိုင်မည့်
ဘာသာရပ်အလိုက် သင်တန်းကျောင်းများကို ရွေးချယ် ဆောင်ရွက်ရပါမည်။
(ခ)
(၂၂-၆-၂၀၂၀)ရက်နေ့ (သင်တန်းပထမနေ့)တွင် နည်းပြ၊ ကြီးကြပ်၊ သင်တန်းမှူးနှင့်
ရုံးအဖွဲ့တို့က ဘာသာရပ်အလိုက် သင်ခန်းစာများကို မိတ်ဆက်ဆွေးနွေးခြင်းနှင့်
သင်တန်း များ စနစ်တကျ ဖွင့်လှစ်နိုင်ရေးတို့ကို ပြင်ဆင်ဆောင်ရွက်ရပါမည်။
(ဂ) (၂၃-၆-၂၀၂၀ မှ ၂၇-၆-၂၀၂၀)ထိ (သင်တန်းကာလ – ၅ရက်) ကို ဖော်ပြ ထားသည့် အချိန်ဇယားအတိုင်း ဆောင်ရွက်ရပါမည်။
(ဃ) (၂၈-၆-၂၀၂၀)ရက်နေ့ (သင်တန်းနောက်ဆုံးရက်)တွင် ကျန်းမာရေးနှင့်
အားကစားဝန်ကြီး ဌာန၏ COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်၍
အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည်
ဖြစ်ပါသည်။


