
ယနေ့ မွန်းတည့် (၁၂)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ Sweety ဇာဘော်လီ လုပ်ငန်းမှ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား/ကျောင်းသူများ အသုံးပြုနိုင်ရန် ပြန်လည်လျှော်ဖွတ် အသုံးပြုနိုင်သော ပိတ်စဖြင့် ချုပ်လုပ်ထားသည့် Mask အခုရေ (၅၀၀၀၀)အား လာရောက် လှူဒါန်းသွားခဲ့ပါသည်။
လာရောက် လှူဒါန်းမှုအား ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့မှ လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။